ဆုကော်ဖီ မှုန့်စစ်စစ် 100g SU SU Pure Coffee Powder 100g
၁၉၈၀ ခုနှစ်မှ စတင်ခဲ့တဲ့ ဆုကော်ဖီဟာ ယခုဆို ၄၃နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကော်ဖီစစ်မှ၊ အရည်အသွေးကောင်းတဲ့ကော်ဖီကိုမှ မြတ်နိုးလို့ အကောင်းဆုံးတွေပဲ ထုတ်လုပ်ဖို့ကို ၄၃ နှစ်လုံး အမြဲကြိုးစားခဲ့ပါတယ်။ များများထုတ်၊ မြန်မြန်ရောင်း စနစ်မျိုးကိုရှောင်ပြီး၊ အရည်အသွေးကိုအဓိကထား၊ စေတနာကသူ့နောက်မှာ၊ ကော်ဖီမြတ်နိုးသူတွေအတွက်ကို ပိုင်ပိုင်နိုင်နိုင် ထုတ်လုပ်ရောင်းချတဲ့ စနစ်မျိုးဖြင့်သာ လျှောက်လှမ်းခဲ့ပါတယ်။ ကော်ဖီအစေ့ကို ချက်ချင်းကြိတ်ပြီး ဖျော်တဲ့ကော်ဖီထက် ကောင်းတာ ဘာရှိပါ့မလဲနော်။ အဲလို စစ်မှန်တဲ့အရသာမျိုးကို ၄၃နှစ် ကာလကြာ ထိန်းသိမ်းထားပေးလို့ လှည်းတန်းက ဆုကော်ဖီလို့ ယနေ့တိုင် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဆုကော်ဖီများဟာ ကုန်းမြင့်ဒေသနှင့် ချင်းပြည်နယ်တို့မှထွက်သော သဘာဝကော်ဖီစစ်စစ်ကို ဓာတုပစ္စည်း ရောစပ်ခြင်း လုံးဝ (လုံးဝ) မရှိပဲ ဘေးဥပါဒ်ကင်းစွာ ထုပ်ပိုးရောင်းချလျက်ရှိတာမို့ အနံ့အရသာနှင့်ပြည့်စုံသော ဆုကော်ဖီများကို ယုံကြည့်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင်။