ကော်ဖီဆိုင်ထဲဝယ် - မျိုးဇော်ဝင်း
ကော်ဖီဆိုင်ထဲဝယ် - မျိုးဇော်ဝင်း
စာမျက်နှာ ၁၇၆
ဖူနီကူလီ ဖူနီကူလာ ” ဆိုတဲ့ ကော်ဖီဆိုင်ဟာ အချိန်ခရီးသွားနိုင်တယ်ဆိုပြီး နာမည်ကြီးတယ်။ အတိတ်ဖြစ်စေ၊ အနာဂတ်ဖြစ်စေကို ပြန်သွားချင်သူတိုင်း လိုက်နာရမယ့် စိတ်ပျက်စရာ စည်းမျဉ်းတချို့တော့ ရှိနေတယ်။
၁… အတိတ်တစ်ချိန်က ဒီကော်ဖီဆိုင်ကို ရောက်ဖူးသူနဲ့သာ တွေ့လို့ရမယ်။ မရောက်ဖူးသူကို သင်တွေ့လို့မရဘူး။
၂… အတိတ်ကိုပြန်ရောက်သွားရင် ဘာပဲလုပ်လုပ် လက်ရှိပစ္စုပ္ပန်ရဲ့ ဖြစ်တည်နေမှုကိုတော့ ပြောင်းလဲလို့မရဘူး။ လူအများစုက ဒီစည်းမျည်းကြောင့် ‘ဟယ်..ဘာထူးမှာလဲ ‘ ဆိုပြီး သွားဖို့ လက်လျှော့လိုက်ကြတယ်။
၃… အချိန်ခရီးသွားချင်ရင် သတ်မှတ်ထားတဲ့ထိုင်ခုံမှာပဲ ထိုင်ရမယ်။ အဲဒီခုံကလည်း တစ်လုံးထဲရှိတာ၊ အဲဒီခုံမှာ အမျိုးသမီးတစ်ယောက်အမြဲထိုင်နေပြီး သူသန့်စင်ခန်း ထသွားမှ ကိုယ်ထိုင်လို့ရမယ်။ ဆိုတော့..စိတ်ရှည်ရှည်နဲ့ စောင့်ပေါ့။
၄… အတိတ်ကိုပြန်ရောက်သွားရင် ဘာကြောင့်ဖြစ်ဖြစ် ဒီထိုင်ခုံက ထခွင့်မရှိဘူး၊ ထလိုက်တာနဲ့ ပစ္စုပ္ပန်ကို ပြန်ရောက်သွားမယ်။
၅… အရေးကြီးဆုံးအချက်ကတော့ ငှဲ့ထည့်ထားတဲ့ ကော်ဖီ အေးမသွားခင် သောက်ချလိုက်ပြီး ပစ္စုပ္ပန်ကို ပြန်လာရမယ်။ အေးသွားပြီးမှဆိုရင်တော့ ပစ္စုပ္ပန်ကို ပြန်လာလို့မရတော့ဘူး။
ဒီလောက်စိတ်ပျက်စရာလည်းကောင်း ၊ အန္တရာယ်လည်းများတဲ့ စည်းမျဉ်းတွေရှိတာတောင် အချိန်ခရီးသွားချင်သူတွေတော့ ရှိနေခဲ့သေးတာပါပဲ။
‘ Toshikazu Kawaguchi ‘ ရေးတဲ့ ‘ Before the Coffee Gets Cold ‘ ရဲ့ နောက်ဆက်တွဲတွေ အင်္ဂလိပ်ဘာသာပြန် နဲ့ ၃အုပ်တောင် ထပ်ထွက်ထားပါတယ်။ ကော်ဖီစီးရီး ၄အုပ်လုံး နာမည်ကြီးခဲ့တာပါ၊ Internationally bestselling series အဖြစ် အုပ်ရေ သန်းချီ ရောင်းခဲ့ရတယ်။ ကမ္ဘာတလွှား ဘာသာပေါင်းများစွာ ပြန်ဆိုခဲ့ကြပါတယ်။